ဒီတစ်ခါ ဘာရေးရမလဲလို့ စဉ်းစားရင်းနဲ့ Windows Vista မှာ Built in Administrator Account Enable လုပ်တဲ့နည်းကို သွားသတိရမိပါတယ်။ အားလုံး သိကြတဲ့အတိုင်း Windows XP မှာ Administrator Account ကိုလွယ်လွယ်ကူကူ ခေါ်လို့ရပြီး Windows Vista မှာတော့ ဘယ်နေရာက ခေါ်ရမှန်းမသိဘူး ဖြစ်နေတယ်။ ဒါသိပြီးသား လူတွေအတွက် ရေးတာမဟုတ်ဘူးနော်။ မသိသေးတဲ့ လူတွေအတွက ရေးထားတာနော်။ ကျွန်တော်ကလည်း သိချင်တာကို ချက်ချင်းသိရမှ ကျေနပ်တဲ့ကောင် ဆိုတော့ Internet ထဲရှာရင်းနဲ့ တွေ့တာမှနည်းလမ်းပေါင်း သောင်းခြောက်ထောင်ပဲ။ စမ်းတာလဲ တစ်ခုမှ အဆင်မပြေဘူး။ ကိုယ်ကပဲ သောက်သုံးမကျလို့လား မသိဘူး။ တစ်ခုမှ အဆင်မပြေဘူး။ (ကျွန်တော်ပဲ သောက်သုံးမကျတာ ဖြစ်ပါလိမ့်မယ်။) အဆင်ပြေမယ့် ပြေတော့လည်း လွယ်လွယ်လေးဗျာ။ Froum တစ်ခုထဲမှာ မထင်မှတ်ပဲနဲ့ ရှာတွေ့ထားတာ။ လွယ်လွယ်လေးပါ မခက်ပါဘူး။ Command Prompt ကို Right Click နှိပ်ပြီးရင် Run as administrator နဲ့ Run လိုက်ရင် C:\Windows\system32> ပေါ်လာပါလိမ့်မယ်။ ပြီးရင်အောက်မှာ ရေးထားတဲ့ Command လေးရိုက်ထည့် လိုက်ပါ။
net user administrator /active:yes
ဒါလေးပါပဲ။ “The command completed successfully.” လို့ပေါ်လာ ပါလိမ့်မယ်။ ပြန်ပိတ်ချင်ရင်တော့ yes ကို no လုပ်လိုက်ပေါ့။
net user administrator /active:no
ဒါဆို Administrator account disable ဖြစ်သွားပါလိမ့်မယ်။

ပြီးဆုံးချိန်။ ။ ညနေ ၄ နာရီ ၀၃ မိနစ်
နေ့ရက်။ ။ ဂျူလိုင်လ ၂၉ ရက် အင်္ဂါနေ့
ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :

0 မှတ်ချက်ရှိပါသည်။: