မြန်မာနိုင်ငံမှာကွန်ပျူတာသုံးစွဲသူအယောက် (၁၀၀) ရှိရင် (၉၅) ယောက်လောက်က Windows OS ကို အသုံးပြုနေကြပြီးကျန်(၅) ယောက်လောက်ကတော့အခြား OS တွေဖြစ်တဲ့ Mac, Linux အစရှိတဲ့ OS တွေသုံးကြပါတယ်။ ဒါကလည်းခန့် မှန်းချက်သာဖြစ် ဖြစ်ပြီးမှန်ချင်လည်းမှန်မယ်၊မှားချင်လည်းမှားမယ်နော်။ Windows ကိုစွဲစွဲမြဲမြဲအသုံးပြုတဲ့သူတွေထဲမှာလည်းကျွန်တော့်လို Windows ကော Linux ကောနှစ်မျိုးလုံး အသုံးပြုသူတွေလည်းအများအပြားရှိကြပါတယ်။ ကျွန်တော့်ဆရာသမားဆိုသူ့  Laptop ပေါ်မှာ Windows (XP Professional) ကော၊ Linux (Ubuntu) ကော၊ Mac (OS X) ကောတင်ထားပါတယ်။ လွန်လွန်းတယ်နော်။ အခုပြောမယ့်အကြောင်းကတော့ Linux ဆိုတော့ Linux အကြောင်းပဲဆက်ပြောကြတာပေါ့။ Linux ဆိုတာ နဲ့  လူတော်တော်များများက FOSS (Free/ Open Source Software) ဆိုပြီးမြင်ကြပါတယ်။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့်လည်း Linux မှာ Open တွေ Free တွေရှိသ လို ဈေးကြီးကြီး ပေး ရတဲ့ Linux တွေလည်းရှိပါတယ်။ အချို့  Linux တွေဆိုရင် Window OS ထက်တောင်ဈေးကြီး တယ်လို့ ကြားဘူးပါတယ်။ Linux တွေကလည်းတကယ်တော်တဲ့တတ်တဲ့ လူတွေကရေး လိုက်ပြင်လိုက်နဲ့ OS တွေကော Application တွေကောအတော်များများ ရှိပါတယ်။ များသလားတော့မမေးနဲ့ ၊ဘယ်လောက်များသလဲဆိုရင် http://lwn.net/Distributions/ မှာအသုံးအများဆုံး Linux Distribution တွေကိုပြထားပါတယ်။ အားလုံး ၅၄၃ ခုလောက်ရှိပါတယ်။ အဲဒီထဲကကျွန်တော်သိတဲ့ Linux က ၂၀ လောက်သာရှိပါတယ်။ ဒါပေမယ့်အားလုံးကတော့ Mr. Linus Torvalds အစပြုရေးသားခဲ့တဲ့ Linux Kernel ပေါ်မှာ အခြေခံပြီးရေးသားကြတာဖြစ်ပါတယ်။ ကဲ.....လာပါပြီ Linux Kernel ကြီး။ သင် Linux ကိုဆက်လက်အသုံးပြုမယ်ဆိုရင်ဒီ Kernel ဆိုတာ ကြီးကိုမကြာခဏတွေ့ ရတော့မှာဖြစ်ပါတယ်။ မပူပါနဲ့  ။ မသိလည်းဘာမှမဖြစ်ပါဘူး။ သိချင်ရင်တော့လည်းဖတ်ထားမှတ်ထားတာလေးပြန်ပြောပြပါ့မယ်။ အမှန်အတိုင်း ဝန်ခံရရင်တော့ကျွန်တော်လည်းသေသေချာချာတော့မသိဘူးဗျ။ ဆရာလုပ်ချင်လွန်းအားကြီး လို့ ရှာရင်းရှာရင်းနဲ့ တွေ့ တာ။ ကဲ...မှတ်ထားဦး။ Linux Kernel ဆို တာကအကြမ်းဖျင်းပြောရရင်ကားဘော်ဒီ Frame ကြီးလိုပါပဲ။သံပြားလည်းမကပ်ရသေးဘူး။ ဆေးသုတ် ဖို့အလှဆင်ဖို့ ဆိုတာကတော့ဝေလာဝေးပေါ့။ ကားတစ်စီးရဲ ကြံခိုင်မှုဆိုတာ Frame ပေါ်မှာအဓိကကျသလို OS တစ်ခုရဲ့ ကြံခိုင်မှုဟာလည်း Kernel ပေါ်မှာအဓိကကျပါတယ်။ အဲဒီ Frame ကြီးပြီးသွားရင်တော့ သံပြားပဲကပ်ကပ်၊ ကော်ပြားပဲကပ်ကပ်...ကပ်လို့ ရပါပြီ။ အဲ...ပြီးရင်ဆေးသုတ်အလှဆင်ပြီးရင်ကားမိုဒယ် တစ်ခုအနေနဲ့ ထုတ်ရောင်းလို့ ရပြီပေါ့။ အဲဒီ Linux Kernel ဆိုတဲ့ Mr. Linus Torvalds ဖန်တီးထားတဲ့ Frame အကြမ်းကြီးပေါ်မှာ အခြေခံပြီး Linux OS/ Distribution တွေထွက်လာပါတယ်။ ကျွန်တော်ကတော့ အဲဒီ Linux Distribution တွေထဲကမှ User Interface အလွယ်ဆုံး၊ အသုံးပြုရအလွယ်ဆုံးလို့ ပြောကြတဲ့ ဦးဘွန်တု (Ubuntu) ဆိုတဲ့ Linux Distribution ကိုစမ်းသုံးပြီးကတည်းကကြိုက်သွားလို့ တစ်ခြား Linux OS တွေကို လှည့်တောင်မကြည့်မိတော့ဘူး။ အသစ်တွေ့ လို့ အဟောင်းမေ့တာတော့မဟုတ်ပါဘူး။ တကယ်ကိုကောင်းလို့  ပါ။ (ဒါကကိုယ်ပိုင်ယူဆချက်ပါ၊ တစ်ခြား Linux များကိုမကောင်းဘူးပြောခြင်းမဟုတ်ပါ။) သူကလည်း အလာ ကြီးဗျ။ ဘာတဲ့ "Linux for Human Beings" ဆိုပဲ။ မြန်မာလိုဆိုရင် "လူသားအားလုံးအတွက် Linux" လို့ အဓိပ္ပာယ်ရမလားတော့မသိဘူး။ (မှတ်ချက်။ ။ကျွန်တော် English လိုသိပ်မတတ်ပါ။) ကျွန်တော် Linux ကို Mandriva နဲ့ စတွေ့ ဘူးတာပါ။ အဲဒီနောက် Fedora Linux 8 ကိုစမ်းသပ်ပါတယ်။ ကျွန်တော်အ တွက်အဆင် မပြေပါဘူး။ လမ်းညွှန်ပေးမယ့်လူမရှိတာလည်းပါပါတယ်။ ဒါပေမယ့်အတွေအကြုံတော်တော်လေးရလိုက်ပါ တယ်။ Hard Disk လည်း Install လုပ်လိုက် Format ရိုက်လိုက်နဲ့ တော်တော်လေးနာသွားတယ်။ အဆင်မပြေတာနဲ့ ပဲတော်ပြီဆိုပြီးပစ်ထားလိုက်ပါတယ်။ နောက်တော့ National CD သွားတော့ OpenSUSE 10.3 ကိုတွေ့ တာနဲ့ ကျွန်တော့်ရဲ့  Linux အိမ်မက်ကပြန်လည်နိုးထလာပါတယ်။ ဒါနဲ့ ပဲ OpenSUSE 10.3 ထပ်ကိုင်လိုက်ပါတယ်။ ပြောရရင်တော့ OpenSUSE လည်းတော်တော်မိုက်ပါတယ်။ သင်လည်း တွေ့  ရင်ကြိုက် မှာပါ။ ကျွန်တော့်ဒုတိယအကြိုက်ဆုံး Linux က OpenSUSE ပါပဲ။ကဲ...ထားပါတော့လေ၊ Ubuntu အကြောင်း ပဲဆက်ပြောရအောင်။ ကျွန်တော် Ubuntu ကိုစသုံးတာ Ubuntu 7.04 (Feisty Fawn) ကနေစသုံးတာပါ။ ၆ လတစ်ကြိမ် Version အသစ်ထွက်ပါတယ်။ Ubuntu 7.04 (Feisty Fawn) ပြီးတော့ Ubuntu 7.10 (Gutsy Gibbon) ထပ်ထွက်ပါတယ်။ အခုရေးသားနေချိန်အထိ Ubuntu 8.04 (Hardy Heron) (၂၀၀၈ ဧပြီလ ၂၄ ရက်နေ့ ) ထွက်ရှိပြီးဖြစ်ပါတယ်။ အောက်တိုဘာ ၂၀၀၈ မှာ Ubuntu 8.10 (Interpid Ibex) ထွက်မယ် လို့ ကြော်ငြာထားပါတယ်။ တော်တော်များများကတော့အရင်ထွက်ထားပြီးသား OS တွေအတိုင်းပါပဲ။
ပြောင်းတော့ ပြောင်းတာပေါ့၊ သိပ်ကွဲကွဲပြားပြားကြီးမဟုတ်ပါဘူး။ ဒါပေမယ့်အကောင်းဆုံး လုပ်ဆောင်ချက် အနေနဲ့  Wubi ဆိုတဲ့ Application တစ်ခုကိုထည့်ပေးလိုက်တာပါဘဲ။ အဲဒါကတော့ Windows Partation ပေါ်မှာပဲ Folder ဆောက်ပြီး Ubuntu 8.04 ကို Install လုပ်နိုင်တာပါဘဲ။ Ubuntu Linux အတွက် Partation မပေးဘဲ Install လုပ်တာပါ။ ဒီအကြောင်းကိုနောက်မှအသေးစိတ်ရေးပေးပါ့မယ်။ (ဇော်ဦးရေ...စိတ်မဆိုးပါနဲ့ ၊ ငါလည်းအချိန်သိပ်မရလို့ ပါ၊ အခုတောင် 3:00am ရှိနေပြီ။) Ubuntu အကြောင်းနည်းနည်းလောက်ရှင်း ပြ ချင်ပါသေးတယ်။ အကြမ်းဖျင်းပေါ့။ အသေးစိတ်သိချင်ရင်တော့ www.ubuntu.com ကိုသွားကြည့်ပေါ့။ Ubuntu Linux ကတော့နာမည်ကျော် Linux ကြီးတစ်ခုဖြစ်တဲ့ Debian Linux ပေါ်မှာအခြေခံပြီးထပ် ဆင့်မွမ်းမံထားတဲ့ Linux Distribution တစ်ခုဖြစ်ပါတယ်။ Debian ကအဖေဆိုရင် Ubuntu ကသားပေါ့။ Debian Linux ကိုတော့စမ်းမသုံးဘူးပါဘူး။ သူလည်းနာမည်ကျော် Linux Distribution တစ်ခုဖြစ်ပါတယ်။ Debian ကိုတော့ဘယ်လိုပြောကြတယ်မသိဘူး၊ Ubuntu ကိုအားလုံးလက်ခံကြတာတော့ရိုးစင်းတယ်၊ လှပတယ်၊ လွယ်ကူတယ် ဆိုတဲ့ဂုဏ်ပုဒ်တွေပါဘဲ။ အဖေထက်သားတစ်လကြီးဆိုတာဒါမျိုးပေါ့။
ကဲ...ဒီနေ့ အဖို့ လက်စသက်လိုက်ရအောင်။ မိုးလည်းလင်းတော့မယ်။ အလုပ်လည်းသွားရအုန်းမယ်။ Ubuntu ဆိုတာကတော့ Linux ကိုအခြေခံထားတဲ့ Operation System တစ်ခုဖြစ်ပြီး Laptop တွေ၊ Desktop တွေ၊ Server တွေအတွက်ထုတ်လုပ်ထားတဲ့ Free and Open Software ဖြစ်ပါတယ်။ Ubuntu ကိုတစ်ကိုယ်ရေပဲသုံး သုံး၊ ရုံးသုံးအနေနဲ့ ပဲသုံးသုံး၊ စီးပွားရေးလုပ်ငန်းများမှာပဲသုံးသုံး အသုံးပြုနိုင်ပြီး Security Update များကို OS ဖြန့် ချီပြီး ၁၈ အထိ Free ဖြန့် ဝေပေးပါတယ်။ ပုံမှန်အားဖြင့် ၆ လမှာတစ်ကြိမ် Version အသစ်ဖြန့် ချီပါတယ်။ ယခုအချိန်အထိ Ubuntu 8.04 (Hardy Heron) ထွက်ရှိပြီးယခင်ထွက်ရှိထားတဲ့Ubuntuတွေကတော့အောက်
ပါအတိုင်းဖြစ်ပါတယ်။


Version Code Name Release Date
၁။ Ubuntu 4.10 (Warty Warthog) October 26 2004
၂။ Ubuntu 5.04 (Hoary Hedgehog) April 8 2005
၃။ Ubuntu 5.10 (Breezy Badger) October 12 2005
၎။ Ubuntu 6.06 (Dapper Drake) June 1 2006
၅။ Ubuntu 6.06.1 (Dapper Drake) August 10 2006 (Maintenance release)
၆။ Ubuntu 6.06.2 (Dapper Drake) January 21 2008 (Maintenance release)
၇။ Ubuntu 7.04 (Feisty Fawn) April 19 2007
၈။ Ubuntu 7.10 (Gutsy Gibbon) October 18 2007
၉။ Ubuntu 8.04 (Hardy Heron) April 24 2008
၁၀။ Ubuntu 8.10 (Intrepid Ibex) Planned for October 2008


Ubuntu သည် Free Software တစ်ခုဖြစ်ပြီးပိုက်ဆံတစ်ပြားမှမကုန်ပဲရရှိနိုင်ပါသည်။ အသုံးပြုသူကိုလည်း လွတ်လပ်စွာ သုံးစွဲခွင့်ပေးထားပါသည်။ လွတ်လပ်စွာသုံးစွဲခွင့်ဆိုသည်မှာသင်ကိုယ်တိုင်အသုံးပြုရုံသာမကဘဲ၊ Copy များပွား၍ဖြန့် ချီသည်ဖြစ်စေ၊ သင့်လိုအပ်ချက်အရဖြစ်စေ၊ သင့်ပတ်ဝန်းကျင်မှလိုအပ်ချက်အရဖြစ်စေ Ubuntu Software အားပြုပြင်ပြောင်းလဲပိုင်ခွင့်ရှိပါသည်။ ထိုသို့ ပြုပြင်ပြောင်းလဲခြင်းအတွက်မည့်သည့်ကုန်ကျ စရိတ်မျှမလိုပါ။ ကနဦးထုတ်ဝေသူများကလည်း Free Software ဆိုသည်မှာမည်သည့် Licensing Charges မှကုန်ကျရန်မလိုဟုယူဆပါသည်။ (ကျေးဇူးကမ္ဘာပါဘဲ Canonical Limited။) Ubuntu သည်ရှေးဟောင်း အာဖရိကန်ဘာသာစကားဖြစ်ပြီး "Humanity to Other" မြန်မာလိုပြန်လျှင် "ကရုဏာတရားရင်ဝယ်ထား" ဟုအဓိပ္ပာယ်ရမည်ထင်ပါသည်။ Ubuntu ၏နောက်အဓိပ္ပာယ်တစ်မျိုးမှာ "I m what I m because of who we all are"ဟုဆိုပါသည်။ (ကြိုစား၍ဘာသာပြန်ကြည့်ပါသေးသည်။ English ရောမြန်မာလိုပါသိပ်မကျွမ်းတော့
အဓိပ္ပာယ်ပင်မပေါ်ပါ။ ပြန်ဆိုနိုင်သူများဘာသာပြန်ဆို၍ကျွန်ုပ်ထံ Email ပို့ ပေးပါ။ မိန်းကလေးများအပျိုဖြစ်က အာဘွားပေးမည်။ ရပ်ကွက်ထောက်ခံစာယူလာပါ။ ယောက်ျားလေး/ကြီးများ(လူပျို/ လူအို)အားထူးရှယ် Link များပေးပါမည်။ ကြိုးစားကြပါ။)


ပြီးဆုံးချိန် ။ ။ နံနက် ၃ နာရီ ၅၂ မိနစ်
နေ့ရက် ။ ။ ဇွန်လ ၁၇ ရက် အင်္ဂါ
ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :