Windows Vista ရဲ့ Aero နဲ့ Ubuntu ရဲ့ Beryl နှိုင်းယှဉ်ချက်လေးပါ။ ခံစားကြည့်ပါအုန်း။ ဒါကိုပြပြီး Linux က ပိုကောင်းတယ် လို့မပြောပါဘူး။ သူဟာနဲ့သူ အားသာချက် အားနည်းချက် ရှိမှာပါ။ ကျွန်တော် အရင်တုန်းက ပြောထားတဲ့ အတိုင်းပါပဲ Linux ဘယ်လောက် ကောင်းကောင်း Microsoft ကို ဘယ်လိုမှ ပစ်လို့ မရသေးပါဘူး။
အပေါ်က Video က Linux Ubuntu ဘယ် version ဆိုတာ မဖော်ပြထားပါဘူး။ Beryl ဆိုတာက compiz-fusion Plugin တစ်ခုပါ။ (မှားရင် ပြင်ပေးနော်။) အောက်က နောက်ထပ် အဆစ်ထပ်ထည့်ပေးတာ။ Ubuntu 8.04 Hardy Heron ဖြစ်ပါတယ်။

နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ စကားမစပ် အခုနောက်ဆုံးထွက်ထားတာ Ubuntu 8.10 Intrepid Ibex ဖြစ်ပြီး နောက်ထပ်ထွက်မှာ ကတော့ Ubuntu 9.04 Jaunty Jackalope ဖြစ်ပါတယ်။ မနက်ဖြန်ထွက်မှာနော်။ နှစ်သက်သူများ လက်မနှေးစေနဲ့။
Video File များကို www.youtube.com ကရထားတာပါ။ Download လုပ်ထားတာ ကြာနေပြီ ဆိုတော့ Link အတိအကျကတော့ မေ့သွားပါပြီ။ Windows Vista Aero vs Ubuntu Beryl နဲ့ Ubuntu 8.04 Hardy Heron ဆိုပြီး ရိုက်ထည့်လိုက်ရင် ရနိုင်ပါတယ်။
ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :
Monday, April 20, 2009 Blogတင်ချိန် : 10:19:00 PM | 1 မှတ်ချက်ရှိပါသည်။
Although we separate far away,
we meet in the dream every day.
When you kiss from the phone,
I feel I'm not alone.

ဘာရယ်တော့ မဟုတ်ပါဘူး။ စိတ်ကူးလေးရလို့ ရေးလိုက်တာ။ သူငယ်ချင်း တစ်ယောက်ကို ပြတော့ ကောင်းတယ်တဲ့။ :) :)
ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :
အင်တာနက် သမိုင်းကြောင်း အကြောင်းလေးကို ရှင်းပြထားတာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မလွတ်တမ်း ကြည့်သင့်တဲ့ အကြောင်းအရာလေးပါ။ တွေ့တာကတော့ www.baganland.blogspot.com ပေါ်ကတွေ့တာပါ။ ကြည့်ပြီးကြိုက်သွားတာနဲ့ http://vimeo.com/2696386 ကနေ Code ယူပြီးတင်လိုက်တာပါ။

ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :
Thursday, November 20, 2008 Blogတင်ချိန် : 10:44:00 AM | 0 မှတ်ချက်ရှိပါသည်။
Wireless Networking အကြောင်း ပြောမယ်ဆိုရင် တော်တော်လေးတော့ ကျယ်ပြန့်ပါတယ်။ ကျွန်တော်ကလည်း လေ့လာ နေဆဲဆိုတော့ တတ်သလောက် မှတ်သလောက်လေး ဖတ်ထားသလောက်လေး ပြောပြတာပေါ့။ မှားနေရင်လဲ ပြင်ပေးကြပါနော်။ အပြုသဘောလေး စဉ်းစားပြီး ဝေဖန်ပေးကြပါ။ Wireless ဆိုကတည်းက Transmitter ပါမယ်။ Receiver ပါမယ် ဆိုတာတော့ အားလုံးသိပြီးသားပါ။ Transmitter ကလွှင့်မယ်၊ Receiver ကဖမ်းမယ်ပေါ့။ ရှင်းရှင်းလေးပါ။ အပေါ်ယံလေးပဲ ဆိုလို့ကတော့ သိပ်မခက်ပါဘူး။ ထဲထဲဝင်ဝင်ဆိုလို့ကတော့ တော်တော်ရှုပ်တယ်ဗျ။
Wireless Network မှာ IEEE 802.11 ကသတ်မှတ်ထားတဲ့ Specification တွေအတိုင်း Signal တစ်ခုကို Transmit လုပ်တဲ့နည်းလမ်းက ရိုးရိုး Ethernet Hub တစ်လုံးရဲ့ အလုပ်လုပ်ပုံနဲ့ အတော်လေး သွားတူညီပါတယ်။ Hub တစ်လုံးအလုပ်လုပ်ပုံနဲ့ Switch တစ်လုံး အလုပ်လုပ်ပုံ မတူဘူးဆိုတာတော့ သိကြပါတယ်နော်။ မသိသေးရင်လဲ ပြောပြရမှာပေါ့။ Hub ရဲ့အလုပ်လုပ်ပုံက Half-Duplex ဖြစ်ပြီး Broadcast မှာတော့ Multicast ဖြစ်ပါတယ်။ Switch ကတော့ Full-Duplex ဖြစ်ပြီး Broadcast ကတော့ Unicast ဖြစ်ပါတယ်။ Hub အသုံးပြုတဲ့ Network မှာ Data Transmit လုပ်တော့မယ်ဆိုရင် ရှိသမျှ Host တွေအကုန်လုံးကို Transmit လုပ်လိုက်ပါတယ်။ ဒါကို Multicast လို့ခေါ်ပါတယ်။ သက်ဆိုင်တဲ့ Host ကယူပြီးတော့ မသက်ဆိုင်တဲ့ Host က Discard လုပ်ပစ်ပါတယ်။ ဥပမာ ပြောရရင် Network ထဲမှာ A, B, C, D စက်လေးလုံးရှိတယ် ဆိုပါဆို့။ Host A ကနေ Host D ကို Data Transmit လုပ်တဲ့အခါ “Host D ရေ Data ဟေ့” ဆိုပြီး အားလုံးဆီ ပို့လိုက်ပါတယ်။ အားလုံးဆီဆိုနေမှ Host B နဲ့ Host C ဆီကိုလည်း ပို့တာပေါ့။ အဲဒီမှာ Host B နဲ့ Host C ကသူအတွက် မဟုတ်တော့ မယူဘူးဆိုပြီး ပြန်ပေးလိုက်ပါတယ်။ Host D ဆီကိုရောက်တော့မှ Host D ကသူဟာဆိုတော့ ယူလိုက်ပါတယ်။ ဟေ့…ပြောရဦးမယ်၊ “Host D ရေ Data ဟေ့” ဆိုတာအဖြစ်ပြောတာနော်။ တကယ်ပို့ရင် ဘယ်လိုပို့လဲသိလား။ Host name သုံးပြီးပို့တာလား။ IP address သုံးပြီးပို့တာလား။ ဟဲ…ဟဲ… ကြိုက်ရာရွေးမှားတယ်။ တကယ်သုံးသွားတာကတော့ Hardware address လို့လဲပြောကြတဲ့ MAC (Media Access control) address ကိုသုံးတာပါ။ အဲဒီမှာ အဆိုးဝါးဆုံးအချက်ကတော့ စက်တစ်လုံးက Broadcast လုပ်ရင် ကျန်စက်တွေက လုပ်နေတဲ့အလုပ်တွေထက် ဦးစားပေးပြီး အဲဒီ Broadcast ကိုသူအတွက်လားဆိုတာ အရင်ကြည့်ပါတယ်။ ဟုတ်ရင်ယူပြီး မဟုတ်ရင် ပယ်လိုက်ပါတယ်။ အဲ…Switch ရဲ့အလုပ်လုပ်ကတော့ အဲလိုမဟုတ်ပါဘူး။ သူက unicast ဖြစ်တဲ့အတွက် Data Transmit လုပ်တဲ့အခါ သွားမယ့် Host ဆီကိုတိုက်ရိုက် သွားပါတယ်။ လမ်းကြောင်းကို မသိသေးရင် ပထမဦးဆုံးတစ်ကြိမ် Broadcast လုပ်ပြီး မှတ်ထားပါတယ်။ နောက်တစ်ခါ ပို့မယ်ဆိုရင်တော့ Broadcast မလုပ်တော့ပဲ တစ်ခါတည်း Destination ဆီကိုပို့ပါတယ်။ အင်း...Wireless အကြောင်းပြောရင်း တစ်ဖြည်းဖြည်းနဲ့ Wired Network အကြောင်းရောက်လာပြီ။ ကဲ…Wireless အကြောင်းဆက်ကြဦးဆို့။
Wireless Network ရဲ့ Communication ပုံစံကတော့ Two-Way Communication ပုံစံဖြစ်ပြီး Transmit နဲ့ Receive ကို Frequency တစ်ခုတည်းပေါ်မှာပဲ လုပ်ကြပါတယ်။ Wireless LANs (WLANs) ရဲ့ Data သွားတဲ့ပုံစံကတော့ Radio Frequency ကိုအသုံးပြုပြီး Transmitter ရဲ့ Antenna မှတစ်ဆင့် Medium အနေနဲ့ လေကိုအသုံးပြုပြီး Radio Wave တွေထုတ်လွှင့်ပြီး Receiver ရဲ့ Antenna မှတစ်ဆင့် ပြန်လည်ဖမ်းယူပြီး အသုံးပြုတာဖြစ်ပါတယ်။ အဲဒီ Radio Wave တွေဟာ နံရံများ၊ ရေနဲ့ သတ္တုပစ္စည်းများကြောင့် စုပ်ယူခံရခြင်း၊ အလင်းကဲ့သို့ ယိုင်သွားခြင်း နဲ့ အလင်းကဲ့သို့ အလင်းပြန်ခြင်း တို့ဖြစ်ပေါ်စေပြီး အဲဒါတွေကြောင့် Signal Strength တွေကျဆင်းပါတယ်။ နံရံတွေ၊ ရေတွေ၊ သတ္တုပစ္စည်းတွေဆိုတာက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မလွဲမသွေ တွေ့ရမယ့် ပစ္စည်းတွေပါ။ ဒါကြောင့် Wireless သုံးမယ်ဆိုရင်တော့ Signal Strength ကတော့ မလွဲမသွေ ကျမှာပါ။ 54 Mbps ဆိုရင် ဘယ်တော့မှ 54 Mbps ရမှာမဟုတ်ပါဘူး။ Wired Network နဲ့ကတော့ ယှဉ်လို့ရမှတော့ မဟုတ်ပါဘူး။ Wireless ကို အသုံးပြုခြင်းအားဖြင့် အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိပါတယ်။ ဒါဆို မသုံးကျတော့ဘူးလားလို့ မေးရင် သုံးကျမှာပဲလို့ ဖြေရမှာပါပဲ။ User တွေကလည်း ဒီလိုပဲပြောကြမှာပါ။ ဒါကြောင့်လည်း Wireless Technology ပေါ်မှာ တော်တော်လေး အားစိုက်ပြီး Research လုပ်နေကြတာပေါ့။ အခုဆို Wi-Max ကို တော်တော်ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပါပြီ။ Wi-Max အကြောင်းလဲ အကြမ်းဖြင်းလောက်တော့ နောက်မှရေးပါဦးမယ်။
Transmitting လုပ်တဲ့အခါမှာလည်း Transmitting Power ကိုများများမြှင့်လေ Transmitting Distance ဝေးဝေးပိုရလေပါပဲ။ ဒါပေမယ့် အဲဒီလိုလုပ်ရင် Singal တွေကို ဆိုးဆိုးဝါးဝါးကြီးကို ပုံပျက်သွားစေ နိုင်ပါတယ်။ Frequency အမြင့်မြင့်သုံးရင် Data တွေကို များများနဲ့ မြန်မြန်တော့ ပို့နိုင်ပါတယ်။ ဆိုးကျိုးကတော့ Distance နည်းနည်းပဲ သွားပါလိမ့်မယ်။ Frequency နိမ့်နိမ့်သုံးရင်လည်း Distance ဝေးဝေးရပေမယ့် Data သွားနှုန်းကတော့ နည်းသွားပါလိမ့်မယ်။ အဲဒီ အခြေခံအချက်တွေပေါ်မှာ မူတည်ပြီးတော့ WLAN တွေ အမျိုးမျိုးပေါ်လာတာပေါ့။ a,b,g..အစရှိသဖြင့်ပေါ့။ အခုဆို n တောင်စပြီး အသုံးပြုနေကြပါပြီ။ အဲဒီလို သတ်မှတ်ချက်တွေ၊ Research and Development တွေကို IEEE အောက်က 802.11 အဖွဲ့က အဓိကထားပြီး လုပ်ပါတယ်။ နောက် Wireless အတွက် ဖွဲ့စည်းထားတဲ့ တစ်ခြားအဖွဲ့အစည်းတွေလည်း ရှိပါသေးတယ်။ အဲဒီ အဖွဲ့အစည်းတွေကနေ Wireless Device တွေ၊ Frequency တွေ၊ စံသတ်မှတ်ချက်တွေနဲ့ နောက် Frequency လှိုင်းတွေကို ဘယ်လိုအသုံးပြုမလဲဆိုတာတွေကို သတ်မှတ်ပေးပါတယ်။ ထင်ရှားတဲ့ အဖွဲ့အစည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဒါအပြင် တစ်ခြားအဖွဲ့အစည်းတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါက ကျွန်တော် သိသလောက်ပါ။

WLAN တွေက Radio Frequency တွေကို အသုံးပြုပြီး လွှင့်တာကြောင့် တစ်ခြား Radio Frequency တွေဖြစ်တဲ့ AM တို့လို၊ FM တို့လို အစရှိတာတွေအတွက် သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာရပါတယ်။ အဲဒီ Frequency တွေကို FCC ကနေ သတ်မှတ်ပေးပါတယ်။ FCC အဖွဲ့က Frequency တွေကို စည်းကမ်းတကျ စနစ်တကျဖြစ်အောင် လုပ်ပေးတာပါ။ သူလည်း သူကြိုက်တဲ့ Frequency သုံး၊ ကိုယ်လည်း ကိုယ်ကြိုက်တဲ့ Frequency သုံးဆိုရင် ကမောက်ကမတွေ၊ Conflict တွေ ဖြစ်နိုင်ပါတယ်။ Frequency တစ်ခုကို ကိုယ်စိတ်ကြိုက် သုံးချင်တယ်ဆိုရင် FCC မှာ Registration လုပ်၊ License ယူ ပြီးရင်စိတ်ကြိုက်သုံး။ အဲဒီ Frequency ကို FCC က တစ်ခြားလူကို ပေးမသုံးတော့ပါဘူး။ အဲ…သုံးတာတွေ့ရင်လည်း တရားရုံးကနေ ကောင်းကောင်းသာ နှိပ်ကွပ်တော့ပဲ။ နောက် FCC ကနေ အများပြည်သူသုံးဖို့ဆိုပြီး License ယူစရာမလိုတဲ့ Frequency တွေကိုလည်း Freely ပေးသုံးထားပါတယ်။ For Public Use ပေါ့။ အဲဒါကိုမှ IEEE ကယူပြီး WLANs အတွက်ယူသုံးတာပါ။ FCC ကနေ Public Use အတွက် သုံးလိုင်း ပေးထားပါတယ်။ License ယူစရာမလိုပါဘူး။ အဲဒါတွေကတော့ 900 MHz, 2.4 GHz နဲ့ 5.7 GHz တွေဖြစ်ပါတယ်။ 900 MHz ကိုတော့ GSM တွေအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ 900 MHz နဲ့ 2.4 GHz လိုင်းတွေကို ISM (Industrial, Scientific and Medical) လို့ခေါ်ပါတယ်။ 5 GHz လိုင်းကိုတော့ UNII (Unlicensed National Information Infrastructure) လို့ခေါ်ပါတယ်။ အဲဒီသုံးလိုင်း ပြင်ပက Frequency ကို အသုံးပြုချင်တယ်ဆိုရင်တော့ FCC မှာ လိုင်စင်ယူရပါမယ်။ Wireless Network မှာ လူတိုင်းသိတဲ့ 802.11 b/g တွေက Frequency 2.4 GHz လှိုင်းပေါ်မှာ ရှိတာပါ။ 802.11 a နဲ့ 802.11 h ကတော့ 5 GHz လှိုင်းပေါ်မှာသုံးတာပါ။ အဲ…802.11 n ကတော့ 2.4 GHz လှိုင်းပေါ်မှာရော 5 GHz လှိုင်းပေါ်မှာရော အလုပ်လုပ်ပါတယ်။
ကဲ…ဒီလောက်ဆိုရင်တော့ Wirless အကြောင်း နည်းနည်းပါးပါးတော့ တီးမိ ခေါက်မိ တော့ရှိ သွားပြီပေါ့။ မင်းဟာက ဒီလောက်ပဲလားလို့ မေးရင်တော့…ကျွန်တော်လဲ ဒီလောက်ပဲ သိတယ်ဗျ။

Ref: ။ ။ CCNA Study Guide (Sixth Edition), Internet
ပြီးဆုံးချိန်။ ။ နေ့လည် ၁၂း၀၀ နာရီ တိတိ
နေ့ရက်။ ။ နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၀၈ (ဗုဒ္ဓဟူး)
ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :

စာမေးပွဲတစ်ခု ဖြေစရာရှိတာရယ်၊ သင်တန်းတွေ တက်နေရတာရယ်နဲ့ မအားတာကြောင့် Blog နဲ့ကင်းကွာတာ အတော်လေး ကြာသွားပါတယ်။ ရေးချင်တာတွေကတော့ တစ်ပုံကြီးခေါင်းထဲမှာ ရှိပါတယ်။ Ubuntu Installation အပိုင်းလေးပြီးတော့ Configuration အပိုင်းလေးရေးဖို့ စဉ်းစားထားပါတယ်။ ဒီအတွက်လဲ Web နဲ့ Ubuntu Linux for Dummies (ကိုယ် ကိုယ်တိုင်ကလည်း Dummy ကိုး) ထဲက အကိုးအကားတွေလဲ ရှာထားပြီးပါပြီ။ စမ်းလဲစမ်းသပ်ပြီးပါပြီ။ ရေးဖို့ပဲ ကျန်ပါတော့တယ်။ ဒါပေမယ့်လည်း အဲဒါထက် အရေးကြီးတာလေး တွေကလည်း ရှိနေတော့ မရေးဖြစ်သေးဘူး ဖြစ်နေပါတယ်။ မရေးသာ မရေးဖြစ်တာပါ သူများ Blog တွေကိုတော့ နေ့စဉ်နီးပါး ဖတ်ဖြစ်ပါတယ်။ ကိုညီလင်းဆက် Invite လုပ်တဲ့ Myanmar Blog Society မှာလည်း Member ဝင်လိုက်သေးတယ်။ မအားတဲ့ကြားထဲက ကိုယ့် Blog မှာ အသစ်တင်ချင်စိတ်တွေက တစ်ဖွားဖွား ပေါ်လာတာနဲ့ ပေါ့ပေါ့ပါးပါးလေး ရေးလိုက်ဦးမှပဲ ဆိုပြီးဒီ Post လေးကိုတင်လိုက်တာပါ။ ရေးဖြစ်တဲ့ အကြောင်းကလည်း ဒီလိုပါ။ သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားသွားကာနီး ကျွန်တော်ဆီ ရောက်လာပါတယ်။ အကြောင်းကတော့ Necktie မစည်းတပ်လို့တဲ့။ ကျွန်တော်လည်း မစည်းတပ်ပါဘူး။ လိုချင်ရင်တော့ Internet ထဲက ရှာပေးမယ်ဆိုပြီး ရှာပေးလိုက်ပါတယ်။ ရှာပေးလိုက်တဲ့ ပုံလေးတွေကလည်း ကိုယ့်အတွက်လည်း တစ်ချိန်မှာ အသုံးဝင်လာမှာဆိုတော့ သိမ်းထားလိုက်ပါတယ်။ လိုအပ်တဲ့လူရှိရင်လည်း အလွယ်တကူ ယူလို့ရအောင်ဆိုတဲ့စိတ်နဲ့ ဒီ Blog မှာတင်ဖြစ်သွားတာပါ။ Necktie စည်းနည်းပေါင်းကလည်း (၈၅) ခုလောက်ရှိတယ်လို့ ဖတ်ရပါတယ်။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့။ ကဲဒီတော့ Necktie စည်းနည်းပေါင်း မြောက်မြားစွာ ရှိတဲ့အနက်က လွယ်ကူပြီးလူသုံးများတဲ့ Necktie စည်းနည်း () နည်းကိုရှာဖွေပြီး ဖော်ပြပေးလိုက်ပါတယ်။ ဒီအထဲက အလွယ်ဆုံးနဲ့ အကောင်းဆုံးနည်းကတော့ 4 in Hand နည်းပါ။


ဒါကတော့ Prince Albert လို့ခေါ်တဲ့ Necktie စည်းနည်းပါ။

ဒါကတော့ Half Windsor လို့ခေါ်တဲ့ Necktie စည်းနည်းပါ။

ဒါကတော့ Windsor လို့ခေါ်တဲ့ Necktie စည်းနည်းပါ။

ဒါကတော့ Four in Hand လို့ခေါ်တဲ့ Necktie စည်းနည်းပါ။

ဒါကတော့ Cross Knot လို့ခေါ်တဲ့ Necktie စည်းနည်းပါ။

ဒါကတော့ Small Knot လို့ခေါ်တဲ့ Necktie စည်းနည်းပါ။

ပြီးဆုံးချိန်။ ။ ညနေ ၃ နာရီ ၃၅ မိနစ်

နေ့ရက်။ ။ သြဂုတ်လ ၁၉ ရက် အင်္ဂါနေ့

ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :
ဒီတစ်ခါမျှဝေချင်တဲ့ အကြောင်းအရာကတော့ Cansec West Conference မှာ TippingPoint Digital Vaccine Laboratories (DVLabs) ကဦးစီးပြုလုပ်ပေးတဲ့ Hacking Contest လေးအကြောင်းကို မျှဝေချင်ပါတယ်။ သူငယ်ချင်းတစ်ယောက်က April လလောက်ကတည်းက လက်လာတို့ထားတာပါ။ ရေးမယ် ရေးမယ်နဲ့ လုပ်ပြီး မအားတာနဲ့၊ မရေးဖြစ်တာနဲ့ နောက်တော့မေ့သွားပါတယ်။ June/July လောက်မှာ ဒီအကြောင်းကို ပြည်တွင်းကစာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းအချို့မှာ ဖတ်လိုက်ရပါတယ်။ ပထမတော့ ဒီအကြောင်းကို မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတာပါ။ အဲဒီမှာ ဖော်ပြထားတာတွေက ပြည့်စုံမှုမရှိတာနဲ့ ရေးဖို့ဆုံးဖြတ်ချလိုက်ပါတယ်။ ကဲ…စလိုက်ကြရအောင်။ Cansec West ဆိုတာကတော့ တစ်မူထူးခြားတဲ့ ညီလာခံတစ်ခုဖြစ်ပြီး digital security ပိုင်းကို အသားပေးကျင်းပတဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ညီလာခံတစ်ခုဖြစ်ပါတယ်။ တစ်နှစ်တစ်ကြိမ် ကျင်းပလာတာ ၂၀၀၈ မှာဆိုရင် ၉ ကြိမ်မြောက် ဖြစ်ပါတယ်။ အဲဒီ Conference က 26-March-08 ကနေ 28-March-08 အထိ Vancouver, Birtish Columbia, Canada မှာကျင်းပခဲ့ပါတယ်။ ဒီလောက်ဆိုရင်တော့ Cansec West Conference အကြောင်းကို အကြမ်းဖြင်းတော့ သိကြပြီလို့ထင်ပါတယ်။ ပြိုင်ပွဲကတော့ "Canse West's PWN to OWN Contest" လို့ဆိုပါတယ်။ အဲဒီ အကြောင်းလေးလဲ နည်းနည်းရှင်းပြချင်ပါသေးတယ်။ (မောင်ကောင်းကတော့ အဲဒီမှာစပြီး တိုင်ပတ်တာပဲ၊ Pwn ဆိုတာကိုဘယ် Dictionary မှာမှရှာမတွေ့တာပါပဲ။ ကျွန်တော်က လိုချင်တဲ့ Information တွေကို Web ထဲကရှာ၊ ပြီးရင် Copy & Paste လုပ်၊ အိမ်ရောက်မှ အေးအေးဆေးဆေး ရေးတာဆိုတော့ အိမ်မှာကိုးကားစရာက Dictionary ပဲရှိတာလေ။ အိမ်မှာ Internet မသုံးနိုင်တော့ ပြောပြစရာ မလိုပါဘူးနော်။ ခေါင်းတောင် ကိုက်သွားတာပဲ။ Dictionary က လေးမျိုးလောက် သုံးပြီးရှာတာလေ။ ကောင်းတယ် ... မောင်ကောင်း ... ကောင်းတယ် ... မင်းတော်တော် ဆရာလုပ်ချင်တာကိုး။ ရှာလို့မရတဲ့ နောက်ဆုံး နောက်နေ့မှ Internet ထဲပြန်ရှာရတာပေါ့။ Internet ထဲလည်းရှာရော ဘယ်ပြေးမလဲ မိချိုသဲပေါ့။) Pwn ဆိုတာကတော့ Hacking ဆိုင်ရာ Slang တစ်ခုဖြစ်ပြီး Hacking or Cracking ဆိုတဲ့ စာလုံးတွေနဲ့ အဓိပ္ပာယ် ဆင်တူပါတယ်။ သေသေချာချာလေး ပြောရရင်တော့ Server သို့ Computer၊ Website၊ Gateway Device အစရှိတာတွေကို ထိန်းချုပ်ရန် ထိုးဖောက်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ရမယ်လို့ထင်ပါတယ်။ Sharp, Sweet, Short ဆိုရင်တော့ To Defeat Someone/Something လို့ အဓိပ္ပာယ် ရပါတယ်။ Pwn to Own ဆိုတဲ့အတိုင်းပဲ Pwn လုပ်နိုင်တာနဲ့ Pwn လုပ်ခံရတဲ့ ပစ္စည်းကိုပိုင်မှာ ဖြစ်ပါတယ်။ ဘာကို Pwn လုပ်ရမယ်၊ ဘာကို Own မှာလဲဆိုတာကတော့ အောက်မှာဆက်ဖတ် ကြည့်ရင် ရှင်းသွားပါလိမ့်မယ်။
Hack လုပ်ရမယ့် OS တွေကတော့ Ubuntu 7.10, Vista Ultimate SP1, Mac OSX10.5.2 တို့ဖြစ်ပါတယ်။ အဲဒီ OS တွေကို Laptop သုံးလုံးမှာတင်ထားပြီး ပြိုင်ပွဲဝင်သူတွေဟာ ကြိုက်ရာ OS၊ ကြိုက်ရာ Softwareတစ်ခုကို ရွေးပြီး Hack လုပ်ရမှာ ဖြစ်ပါတယ်။ တင်ထားတာတွေကတော့ Sony VAIO VGN-TZ37CN ပေါ်မှာ Ubuntu 7.10, Fujitsu U810 ပေါ်မှာ Vista Ultimate SP1, MacBook Air ပေါ်မှာ OSX 10.5.2 တို့ဖြစ်ပါတယ်။ ကြိုက်တဲ့ Laptop ကို Pwn, Pwn နိုင်ရင် Own ပြီပေါ့။ (တောက် … ငါသာ အဲဒီမှာရှိလို့ကတော့ အဲဒီ Laptop သုံးလုံးစလုံး ငါ့အပိုင်ပဲ။) အဲဒါအပြင် Zero Day Initiative Program ကနေ award အဖြစ် ဆုကြေးငွေထပ်ပေးပါသေးတယ်။ အဲဒါကတော့ ပထမနေ့မှာ Hack လုပ်နိုင်ရင် ခုန Laptop အပြင် $20,000.00 , ဒုတိယနေ့မှာ Hack လုပ်နိုင်ရင် Laptop + $10,000.00, တတိယနေ့မှာ Hack လုပ်နိုင်ရင် Laptop + $5,000.00 ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အလွယ်တကူ ဝင်ရောက်နိုင်တဲ့ Security Hole တွေကို ဖော်ထုတ်နိုင်ခဲ့ရင် ထုတ်လုပ်သူတွေ (Adobe, Skype, Apache, Sendmail, etc.) ကို အကြောင်းကြားပြီး Patch အသစ်တွေကို ရေးသားနိုင်ဖို့ဖြစ်ပါတယ်။ ပြိုင်ပွဲစည်းကမ်းတစ်ခုကတော့ Zero Day Initiative (ZDI) program အရထိုးဖောက်နိုင်တဲ့သူဟာ သူဘယ်လို ထိုးဖောက်ခဲ့သလဲဆိုတာကို အဖောက်ခံရတဲ့ Application တွေအတွက် Patch အသစ်မထွက်မချင်း လုံးဝထုတ်ဖော် ပြောကြားခွင့်မရှိပါဘူး။ အရင်နှစ်ကတော့ ZDI award ကို Dino Dai Zovi ဆိုသူက Apple QuickTime flaw ကနေ ပထမနေ့မှာပဲ ဖောက်နိုင်ခဲ့လို့ ဆုငွေအပြည့် ရသွားပါတယ်။ Apple ကလည်း အဲဒီဟာကွက်ကို ချက်ချင်းပဲ update တစ်ခုထုတ်ပြီး ကာကွယ်လိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း PWN to OWN Contest ဟာ အားလုံးအတွက် Win-Win Situation ဖြစ်ပါတယ်။ Hack လုပ်မယ့် Laptop တွေဟာ Wired Connection (Crossover Cable) နဲ့ချိတ်ဆက်ပြီး ထိုးဖောက်ရမှာဖြစ်ပါတယ်။

ကဲ … စပြီ … အားလုံးလက်ရှောင် … ပထမနေ့ (သူတို့အခေါ် Day One)
ဝမ်းနည်းပါတယ်ဗျာ။ ဘယ်သူမှ မထိုးဖောက်နိုင်ပါဘူး။ Laptop သုံးလုံးစလုံး ကျောက်စိုင်၊ ကျောက်တုံးကြီးများပမာ ကြံကြံခံ နေတုန်းပါပဲ။ ဒီနှစ်တော့ ZDI award $20,000.00 ကိုဘယ်သူမှ မရပါဘူးခင်ဗျား။ (ဘယ်ရမလဲ။ ကျွန်တော်မှ အဲဒီမှာ မရှိတာကိုး။ ကျွန်တော်သာ အဲဒီမှာ ရှိလို့ကတော့ ပွဲသိမ်းတာကြာပေါ့။) ပြိုင်ပွဲဝင်သူတွေကတော့ တော်တော်များတယ်ဆိုပဲ။ အားလုံး တစ်ညီတစ်ညွတ်တည်း ကြုံးဝါးသွားတာကတော့ "နေနှင့်ဦးပေါ့ကွာ၊ မနက်ဖြန်ကျရင် မင်းတို့ ငါ့အကြောင်း ကောင်းကောင်းသိမယ်" ပေါ့။ VAIO ရယ်၊ Fujitsu ရယ်၊ MacBook Air တွေကတော့ ပြန်ပြောလေရဲ့ "လာခဲ့စမ်းပါ၊ အေးဆေးပဲ" တဲ့။ နောက်နေ့ နေ့လယ် 12:30 မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။
ဒုတိယနေ့ … Day Two ...
စစပြီးချင်း သိပ်မကြာပါဘူး၊ 12:38 (Canada Local Time) မှာတော့ ကမ္ဘာအပေါ့ပါးဆုံး Apple MacBook Air ကတော့ ဈေးဦးပေါက်သွားရှာတယ်။ ဈေးဦးဖောက်တဲ့ သူတွေကတော့ Independent Security Evaluators (ISE) ကဖြစ်တဲ့ Charlie Miller, Jake Honoroff နဲ့ Mark Daniel တို့တွေ ဖြစ်ပါတယ်။ အောင်မြင်စွာ ထိုးဖောက်နိုင်တဲ့ သကာလမှာတော့ ဆုအဖြစ် Apple MacBook Air နဲ့ ဆုကြေးငွေ $10,000.00 ရရှိခဲ့ပါတယ်။ အဓိက ထိုးဖောက်သူကတော့ Charlie Miller ဖြစ်ပါတယ်။ Congratulation to First winner of the CanSec West PWN to OWN contest 2008, Charlie Miller.

Charlie ဟာ Apple ရဲ့ Safari Web Browser ရဲ့ဟာကွက်တွေကနေ ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။ Apple ဟာလည်း ဟာကွက်ကို သိသိချင်းမှာပဲ ပြင်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစည်းကမ်းအရ Patch အသစ်မထွက်မချင်း ဒီထိုးဖောက်မှုအကြောင်း ဘာမှဆက်ပြောမှာ မဟုတ်ပါဘူး။ ခုလောက်ဆိုရင်တော့ ထွက်လောက်ပြီပေါ့။ အဲဒီနောက် ညနေ 5:45 ပြိုင်ပွဲသိမ်းတဲ့ အထိ VAIO နဲ့ Fujitsu လေးကို ဘယ်သူမှ မဝင်နိုင်ကြသေးပါဘူး။
တတိယနေ့ (နောက်ဆုံးနေ့) … Day Three (Final Day) ...
အရင်နေ့တုန်းက Apple MacBook Air ဟာအဖောက်ခံလိုက်ရတာကြောင့် ဒီနေ့မှာတော့ VAIO ရယ်၊ Fujitsu ရယ်ပဲ ကျန်ပါတော့တယ်။ ပြိုင်ပွဲကို နေ့လယ် 12:30 ကစလိုက်တာ ည 7:30 အရောက်မှာတော့ Fujitsu Laptop လေးဟာ ပိုင်ရှင်ပေါ်သွားပါတယ်။ ပိုင်ရှင်ကတော့ Shane Macaulay (Security Objectives) ဖြစ်ပါတယ်။ Congratulations to Shane Macaulay။ Shane ဟာ Vista Ultimate SP1 ကို Adobe Flash Latest Version ကို Install လုပ်ပြီး ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။ ဆုကတော့ Fujitsu Laptop နဲ့ $5,000.00 တို့ဖြစ်ပါတယ်။ Shane ဟာဒီလိုထိုးဖောက်နိုင်ဖို့ အတွက် သူငယ်ချင်းများဖြစ်တဲ့ Derek Callaway နဲ့ Alexander Sotirov တို့ရဲ့အကူအညီ ကိုရယူခဲ့ပါတယ်။ ဒါပေမယ့် Shane ကခေသူတော့ မဟုတ်ပါဘူး။ မနှစ်က အမြင့်ဆုံးဆုကို ယူသွားတဲ့ Dino Dai Zovi ကိုမှတ်မိတယ် မဟုတ်လား။ Dino Dai Zovi နဲ့ သူနဲ့က အရင်နှစ်က On-Site Member တွေဖြစ်ပြီး ပြိုင်ပွဲမှာ Dino Dai Zovi နဲ့ပူးတွဲ အနိုင်ရရှိသူ ဖြစ်ပါတယ်။ Adobe Flash ကလည်း သူရဲ့ယိုပေါက်ကို ပြင်ဆင်နေပါပြီ။ ထုံးစံအတိုင်းပဲ အသေးစိတ်ကိုတော့ Adobe Flash ရဲ့ patch အသစ်ထွက်ပြီးမှ ဖော်ပြရမှာ ဖြစ်ပါတယ်။

ဒီလိုပြိုင်ပွဲတွေကို ပြုလုပ်ပေးခြင်းအားဖြင့် Software Vendors တွေအနေနဲ့ သူတို့ရဲ့အားနည်းချက်တွေကို သိမြင်နိုင်တဲ့အတွက် အလွန်ပဲအကျိုးရှိလှပါတယ်။ Hacker တွေအနေနဲ့လည်း အကျိုးရှိစေမှာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အလွန်အဆင်ပြေပါတယ်။ နောက်နှစ်မှာလည်း ဒီပြိုင်ပွဲကို ကျင်းပဦးမှာ ဖြစ်ပါတယ်။ (နောက်နှစ်တော့ မောင်ကောင်းလည်း အဲဒီကို သွားဖို့ကြိုစားနေပါတယ်။ ပြိုင်ပွဲဝင်ဖို့တော့ ဟုတ်ပါဘူး။ လူလစ်ရင် Laptop လေးတစ်လုံးလောက် အလစ်သုတ်မလို့ပါ။)
သြော် … ပြောဖို့မေ့နေလိုက်တာ။ ပြိုင်ပွဲပြီးသွားတဲ့အထိ Sony VAIO ပေါ်က Ubuntu Linux ကိုဘယ်သူမှ Hack မလုပ်နိုင်ခဲ့ပါဘူး။ (ဟယ် … ဒါမှ တို့စစ်သမီးကွ -ဟယ် … ဒါမှ တို့မောင်ကြီးတော့ အလိုက်တိုင်း ရွတ်ဆိုရန်)

ပြီးဆုံးချိန်။ ။ နံနက် ၂ နာရီ ၃၂ မိနစ်
နေ့ရက် ။ ။ ၁ ရက် သြဂုတ်လ ၂၀၀၈ သောကြာနေ့
ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :
Thursday, July 31, 2008 Blogတင်ချိန် : 10:51:00 AM | 0 မှတ်ချက်ရှိပါသည်။
မနေ့က ဘော်ဒါတစ်ယောက်ရဲ့ Gmail မှာရေးထားတဲ့ ဟာလေးတစ်ခု တော်တော်မိုက်လို့ Share ပေးချင်လို့ပါ။ Windows XP ရယ်၊ Windows Vista ရယ်၊ Linux ရယ် ယှဉ်ပြချက်လေးပါ။ ကျွန်တော်က English သိပ်မကျွမ်းတော့ စာလေးကို ဘာသာပြန်ရင် အရသာ ပေါ့သွားမှာဆိုးလို့ တိုက်ရိုက်ပဲ ဖော်ပြလိုက် ပါတယ်။

"Win Xp is like pretty older lady. she's still thin and can be made thinner with nLite, while Win Vista is like overdressed, over make up, big fat materialistic young lady (gosh, she must looks horrible) with eating disorder. While Linux is a stiff, strong, dependable but sometimes harder to talk to, like tough military career women (but can be pretty too) and some men just have no guts to get closer (including me) though it's character is almost perfect for a lady becoz... you know."

မိုက်တယ် မဟုတ်လား၊ ကြိုက်မယ် လို့တော့ယူဆပါတယ်။ ကျွန်တော်ကတော့ "မချစ်သော်လည်း အောင့်ကာနမ်း" ဆိုသလိုပဲ Big Fat Materialistic Young Lady (Windows Vista) ကိုနမ်းနေရပါတယ်။ အမှန်ကတော့ Genuine ဖြစ်နေတာလည်း ပါပါတယ်။ "ကြည့်ပါများတော့ ယဉ်ဆိုသလို" ပါပဲ၊ အခုတော့လည်း Big Fat Materialistic Young Lady ကြီးက သိပ်မဝတော့သလိုပါပဲ။ မိပ်ကပ်တွေနဲ့ နှုပ်ခမ်းနီတွေ လိမ်းထားတော့လည်း ခေတ်မီတာပေါ့။ Military Career Women (Linux) ကတော့ခုမှချဉ်းကပ်နေတုန်းပါပဲ။ အခြေအနေကတော့ မဆိုးပါဘူး။ စကားတော့ပြန်ပြောနေပါပြီ။

ပြီးဆုံးချိန်။ ။ ညနေ ၆ နာရီ ၄၅ မိနစ်
နေ့ရက်။ ။ ဂျူလိုင်လ ၃၁ ရက် ကြာသာပတေးနေ့
ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :