Thursday, July 31, 2008 Blogတင်ချိန် : 10:51:00 AM | 0 မှတ်ချက်ရှိပါသည်။
မနေ့က ဘော်ဒါတစ်ယောက်ရဲ့ Gmail မှာရေးထားတဲ့ ဟာလေးတစ်ခု တော်တော်မိုက်လို့ Share ပေးချင်လို့ပါ။ Windows XP ရယ်၊ Windows Vista ရယ်၊ Linux ရယ် ယှဉ်ပြချက်လေးပါ။ ကျွန်တော်က English သိပ်မကျွမ်းတော့ စာလေးကို ဘာသာပြန်ရင် အရသာ ပေါ့သွားမှာဆိုးလို့ တိုက်ရိုက်ပဲ ဖော်ပြလိုက် ပါတယ်။

"Win Xp is like pretty older lady. she's still thin and can be made thinner with nLite, while Win Vista is like overdressed, over make up, big fat materialistic young lady (gosh, she must looks horrible) with eating disorder. While Linux is a stiff, strong, dependable but sometimes harder to talk to, like tough military career women (but can be pretty too) and some men just have no guts to get closer (including me) though it's character is almost perfect for a lady becoz... you know."

မိုက်တယ် မဟုတ်လား၊ ကြိုက်မယ် လို့တော့ယူဆပါတယ်။ ကျွန်တော်ကတော့ "မချစ်သော်လည်း အောင့်ကာနမ်း" ဆိုသလိုပဲ Big Fat Materialistic Young Lady (Windows Vista) ကိုနမ်းနေရပါတယ်။ အမှန်ကတော့ Genuine ဖြစ်နေတာလည်း ပါပါတယ်။ "ကြည့်ပါများတော့ ယဉ်ဆိုသလို" ပါပဲ၊ အခုတော့လည်း Big Fat Materialistic Young Lady ကြီးက သိပ်မဝတော့သလိုပါပဲ။ မိပ်ကပ်တွေနဲ့ နှုပ်ခမ်းနီတွေ လိမ်းထားတော့လည်း ခေတ်မီတာပေါ့။ Military Career Women (Linux) ကတော့ခုမှချဉ်းကပ်နေတုန်းပါပဲ။ အခြေအနေကတော့ မဆိုးပါဘူး။ စကားတော့ပြန်ပြောနေပါပြီ။

ပြီးဆုံးချိန်။ ။ ညနေ ၆ နာရီ ၄၅ မိနစ်
နေ့ရက်။ ။ ဂျူလိုင်လ ၃၁ ရက် ကြာသာပတေးနေ့
ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :
ဒီတစ်ခါ ဘာရေးရမလဲလို့ စဉ်းစားရင်းနဲ့ Windows Vista မှာ Built in Administrator Account Enable လုပ်တဲ့နည်းကို သွားသတိရမိပါတယ်။ အားလုံး သိကြတဲ့အတိုင်း Windows XP မှာ Administrator Account ကိုလွယ်လွယ်ကူကူ ခေါ်လို့ရပြီး Windows Vista မှာတော့ ဘယ်နေရာက ခေါ်ရမှန်းမသိဘူး ဖြစ်နေတယ်။ ဒါသိပြီးသား လူတွေအတွက် ရေးတာမဟုတ်ဘူးနော်။ မသိသေးတဲ့ လူတွေအတွက ရေးထားတာနော်။ ကျွန်တော်ကလည်း သိချင်တာကို ချက်ချင်းသိရမှ ကျေနပ်တဲ့ကောင် ဆိုတော့ Internet ထဲရှာရင်းနဲ့ တွေ့တာမှနည်းလမ်းပေါင်း သောင်းခြောက်ထောင်ပဲ။ စမ်းတာလဲ တစ်ခုမှ အဆင်မပြေဘူး။ ကိုယ်ကပဲ သောက်သုံးမကျလို့လား မသိဘူး။ တစ်ခုမှ အဆင်မပြေဘူး။ (ကျွန်တော်ပဲ သောက်သုံးမကျတာ ဖြစ်ပါလိမ့်မယ်။) အဆင်ပြေမယ့် ပြေတော့လည်း လွယ်လွယ်လေးဗျာ။ Froum တစ်ခုထဲမှာ မထင်မှတ်ပဲနဲ့ ရှာတွေ့ထားတာ။ လွယ်လွယ်လေးပါ မခက်ပါဘူး။ Command Prompt ကို Right Click နှိပ်ပြီးရင် Run as administrator နဲ့ Run လိုက်ရင် C:\Windows\system32> ပေါ်လာပါလိမ့်မယ်။ ပြီးရင်အောက်မှာ ရေးထားတဲ့ Command လေးရိုက်ထည့် လိုက်ပါ။
net user administrator /active:yes
ဒါလေးပါပဲ။ “The command completed successfully.” လို့ပေါ်လာ ပါလိမ့်မယ်။ ပြန်ပိတ်ချင်ရင်တော့ yes ကို no လုပ်လိုက်ပေါ့။
net user administrator /active:no
ဒါဆို Administrator account disable ဖြစ်သွားပါလိမ့်မယ်။

ပြီးဆုံးချိန်။ ။ ညနေ ၄ နာရီ ၀၃ မိနစ်
နေ့ရက်။ ။ ဂျူလိုင်လ ၂၉ ရက် အင်္ဂါနေ့
ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :
ကျွန်တော်စပြီးကွန်ပျူတာကျွမ်းကျွမ်းကျင်ကျင်သုံးတတ်စ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်က Computer User လောကမှာ Linux လို့ပြော ရင်လူအတော်တော်များများကဘာကြီးလဲဟုမေးကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းထိုအချိန်ကဘာကြီးမှန်းမသိပါ။ ဘာမှန်းကိုမသိ တာပါ။ ကွန်ပျူတာကျွမ်းကျွမ်းကျင်ကျင်ဆိုတာကလည်း Office/DTP လောက်သာအသုံးပြုတတ်တာကိုပြောတာပါ။ အဲဒီနောက်မှာတော့ တဖြည်းဖြည်းခြင်း System ပိုင်းကိုလေ့လာမိရာကနေ Linux ကိုသိလာပါတယ်။ သိတယ်ဆိုတာကလည်း OS တစ်ခုအနေနဲ့သာ ဖြစ်ပြီးအသုံးပြုဖို့နေနေသာသာမြင်တောင်မမြင်ဘူးပါဘူး။ ၂၀၀၄ နောက်ပိုင်းရောက်မှသာ Linux ကိုစမြင်ဘူးတာပါ။ ၂၀၀၆ ခုနှစ်လောက် မှစတင်စမ်းသပ်အသုံးပြုဖူးတာပါ။ အရင်ကပြောထားတဲ့အတိုင်းပါပဲ။ Linux တွေစမ်းရင်းစမ်းရင်းနဲ့ Ubuntu Linux ကိုတွေ့ပြီးတော်တော် လေးကြိုက်သွားပြီးသုံးဖြစ်သွားပါတယ်။ ကျွန်တော်အတွက်တော့ Linux ဘယ်လောက်ကောင်းကောင်း Microsoft ကိုတော့လုံးဝပစ်ပယ် လို့မရသေးတာကိုတော့ဝန်ခံပါတယ်။ ဒါကလည်း Linux ကိုကျွမ်းကျွမ်းကျင်ကျင်မသုံးတတ်သေးတာလည်းပါပါတယ်။ အခုမှစလေ့လာတာကိုး။ ဒါအကြောင်းအရာတွေရေးနေတာလည်း Linux ကိုကြော်ငြာတာတော့မဟုတ်ပါဘူး။ ကွန်ပျူတာသမားတစ်ယောက်အနေနဲ့သိသင့်တယ်လို့ထင်တဲ့ OS တစ်ခုကိုလေ့လာရင်းနဲ့အတွေအကြုံတွေကိုမျှဝေခြင်းသာဖြစ်ပါတယ်။
Linux ကလည်း ၂၀၀၀ ခုနှစ်လောက်တုန်းကသာဘာမှန်းမသိကြတာပါအခုအချိန်မှာတော့ User တော်တော်များများက Linux..Linux နဲ့အော်နေ ကြပါပြီ။ Computer User တွေကလည်းအခုမှစမ်းကြမှာဆိုတော့နည်းနည်းတော့လန့်ကြမှာပေါ့။ များသောအားဖြင့်တော့ Dual Boot တင် ချင်ကြတယ်။ တစ်ချို့တွေကလည်း Hard Disk တစ်လုံးသက်သက်ပေးပြီးစမ်းကြပါတယ်။ ကောင်းပါတယ်။ Safe ဖြစ်တာပေါ့။ ဒါကလုံးဝ Clean Installation ဖြစ်ပြီး Hard Disk ကိုဖြုတ်ထားပြီးလိုအပ်မှပြန်တပ် (သို့) တပ်ထားပြီး Boot Device ကိုပြောင်းပြီးသုံး-စသည်ဖြင့်အသုံးပြုနိုင်ပါ တယ်။ တစ်ချို့ကလည်း Partition သက်သက်ပေးပြီး Dual Boot တင်ကြပါတယ်။ ကျွန်တော်လည်းအရင်ကအဲဒီအတိုင်းပဲသုံးပါတယ်။ ဘာမှမသိတဲ့လူဆိုရင်တော့နည်းနည်းဒုက္ခရောက်နိုင်ပါတယ်။ သိပ်တော့လည်းမခက်ပါဘူး။ Boot Menu တော့ပြောင်းသွားနိုင်ပါတယ်။ ကျွန်တော်တို့က Windows တင်ပြီးမှ Linux တင်ကြမှာဆိုတော့ Boot Menu ကို Linux ကနေရေးသွားပါလိမ့်မယ်။ ကျွန်တော်အတွက်တော့ Linux Boot Menu ကိုကြည့်ရတာသိပ်မကြိုက်လို့ Vista Boot Menu ပြန်ရအောင် EasyBCD Software နဲ့ ပြန်ပြောင်းလိုက်ပါတယ်။ တစ်ချို့ကလည်း Windows ပေါ်ကနေ Virtual PC (သို့) VM Ware အစရှိတဲ့ Software တွေသုံးပြီးစမ်းသပ် ကြပါတယ်။ တစ်ခြား OS တွေအတွက်ဆိုရင်တော့မသိဘူး။ Ubuntu အတွက်ဆိုရင်တော့ကျွန်တော်ကတော့အားမပေးပါဘူး။ ဘာလို့လဲဆိုတော့အဲဒီထက်ကိုပို ကောင်းတဲ့နည်းလမ်းတွေရှိလို့ပါ။ အဲဒါကဘာလဲဆိုတော့ Wubi လို့ခေါ်တဲ့နည်းလမ်းကောင်းလေးတစ်ခုပေါ့။
Wubi အကြောင်းတော့နည်းနည်းရှင်းပြပါဦးမယ်။ Wubi (Windows base UBuntu Installer) ဆိုတာကတော့ Windows User တွေကို Click တစ်ချက်နှိပ်ယုံနဲ့ Linux ကမ္ဘာထဲကိုရောက်ရှိသွားအောင်လုပ်ပေးမယ် Ubuntu Installer တစ်ခုဖြစ်ပါတယ်။ Wubi က Ubuntu Linux ကိုအခြားသော Windows Application တွေလိုပဲသုံးချင်ရင် Install လုပ်၊ မလိုချင်တော့ရင် Uninstall လုပ်နိုင်အောင်သင့်ကို လွယ်ကူလုံခြုံစွာနဲ့အသုံးပြုနိုင်အောင်ဖန်တီးပေးထားပါတယ်။ အင်း…လွယ်လွယ်ပြောရရင် Linux OS ကို Windows Application တစ်ခုအ နေနဲ့အသုံးပြုနိုင်အောင်နဲ့ မလိုအပ်တော့ရင် Control Panel-Uninstall a Program ကနေဖြုတ်ချလို့ရအောင်လုပ်ပေးထားပါတယ်။ သိပ် စိတ်ဝင်စားသွားပြီလို့တော့ထင်ပါတယ်။ အရမ်းကိုလွယ်ကူလှပါတယ်။
ကဲ…စလိုက်ကြရအောင်။ ဒီ Blog ကိုဖတ်နေပြီဆိုရင်တော့ Ubuntu ကိုစိတ်ဝင်စားလို့ကျွန်တော်ယူဆပြီး Ubuntu 8.04 CD လေးလဲလက် ဝယ်ရှိပြီးသားလို့ယူဆထားပါတယ်။ မရှိသေးလဲစိတ်မပူနဲ့။ http://www.ubuntu.com/getubuntu မှာ Free Download လုပ်။ စိတ်တော့ နည်းနည်းရှည်။ Size က 700Mb လောက်ရှိတယ်။ အဲဒါက ISO Image နော်။ ပြီးရင် Virtual Drive ထဲထည့်။ Virtual Drive Software တော့ရှိကြမှာပါနော်။ CD ဆိုလည်း CDRom ထဲထည့်ပေါ့။ အဲဒါမှမသိရင်လဲလုပ်မနေတော့နဲ့။ ဆက်လဲဖတ်မနေနဲ့တော့။ နောက်တာနော်။ မသိရင်လဲသိအောင်လုပ်ပေါ့။ (ဇော်ဦး…မင်းအဲဒါတော့လုပ်တတ်ပါတယ်နော်။) ပြီးရင်အဲဒီ Ubuntu ISO image (သို့) CD ထည့်ထားတဲ့ Drive ကို Open လုပ်။ Double Click မလုပ်နဲ့နော်။ Right Click-Open လုပ်လိုက်ရင်အောက်ပါအတိုင်းမြင်ရပါလိမ့်မယ်။

Minimum Requirements
• 256 MB memory
• 5 GB hard disk space
• Windows 98, 2000, XP, Vista
Windows 98 ပေါ်မှာမစမ်းသပ်ရသေးပေမယ့်အလုပ်လုပ်တယ်လို့ တော့ဆိုပါတယ်။ Windows ME နဲ့တော့အသုံးပြုလို့မရနိုင်ပါဘူး။ Miniumu Requirement အောက်ဆိုရင်လည်းရနိုင်ပါတယ်။ နည်း နည်းပါးပါးတော့ပြင်ရပါလိမ့်မယ်။ ဒါပေမယ့်အဲဒီလောက်မှမရှိရင် လည်းမသုံးပါနဲ့တော့ဗျာ။
အဲဒီထဲက Wubi ဆိုတဲ့ exe ကို Run လိုက်ရင်အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ်။

ကဲ…တစ်ခုချင်းစီရှင်းပြပါမယ်။ ပို့မယ့်ပို့တော့ကူးတို့ရောင်အောင်ပဲပို့ပေးပါမယ်။ Installation Drive ကတော့ Ubuntu ကိုထားမယ့် Drive ဖြစ်ပါတယ်။ Strongly Recommend လုပ်ချင်တာကတော့ Windows Install လုပ်ထားတဲ့ Partition ပေါ်မှာမတင်ပဲနဲ့သက်သက် Partition ပေါ်မှာတင်စေချင်ပါတယ်။ Windows ကို Drive C ပေါ်မှာတင်ထားတယ်လို့ယူဆပြီးတော့ပြောရရင် အဲဒီ Installation Drive ကို D: လို့ရွေးလိုက်ပေါ့။ ဘေးကကွင်းစကွင်းပိတ်နဲ့ရွေးထားတဲ့ Drive ထဲမှာရှိတဲ့ Free Space Size ကိုဖော်ပြပေးပါလိမ့်မယ်။ နောက်တစ် ဆင့်အနေနဲ့ Installation Size (GB) ကိုပြောရရင်သူက Ubuntu တင်ထားမယ့် Folder ရဲ့ပမာဏကိုပြောတာပါ။ 5GB ဆိုရင်ရပြီဆိုပေမယ့်များများပေး နိုင်ရင်တော့ကောင်းပါတယ်။ ဒါကကိုယ်ဘယ်လောက်ထိသုံးမယ်ဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ ကျွန်တော်ကတော့ 20GB ပေးထားပါတယ်။ Desktop Environment ကတော့ကိုယ်သုံးမယ့် Desktop GUI ဖြစ်ပါတယ်။ Ubuntu လို့ပဲထားလိုက်ပါ။ ရွေးစရာ လည်းမရှိပါဘူး။ ဒီတစ်ခုတည်းပါတာပါ။ Language က တော့ English ပေါ့။ ရွေးချင်ရင်တော့ဘာသာစကား 43 မျိုးပါပါတယ်။ ကြိုက်ရာ ရွေးပေါ့။ မြန်မာတော့မပါသေးဘူးနော်။ ပြီးရင် Username ကတော့ကြိုက်ရာနာမည်ရေးပေါ့။ နောက်ဆုံးကတော့ Password ထည့်။ အဲဒီ မှာသိထားရမှာကတော့ Linux မှာ Password ကိုဘာမှမပေးဘဲထားလို့မရပါဘူး။ ပေးကိုပေးရပါတယ်။ ကြိုက်ရာပေးပြီး Install ကို Click လုပ်လိုက်တော့။ အဲ…အဲ…Password သေချာမှတ်ထားဦးနော်။ မေ့သွားလို့ကတော့သွားပြီပဲ။ ခဏပဲစောင့်။ ပြီးရင် Restart လုပ်ခိုင်းလိမ့် မယ်။ လုပ်ပေးလိုက်။ စက်ပြန်တက်လာရင်တော့ဒီအတိုင်းမြင်ရလိမ့်မယ်။ ဟဲ…ဟဲ…ပျော်စရာကြီး။ မတက်လာရင်တော့လဲ…တတ်နိုင်ဘူး နော်။

ဘာမှမရွေးပဲထားရင်တော့ Microsoft Windows ထဲကိုပြန်ဝင်သွားလိမ့်နော်။ Ubuntu ကို Select လုပ်ပြီး Enter ခေါက်။ အဲဒီမှာ Ubuntu ရဲ့Boot Screen ကိုမြင်ရပါလိမ့်မယ်။

ခဏစောင့်။ Loading ပြီးသွားရင် Ubuntu Logon Screen ပေါ်လာလိမ့်မယ်။ အဲဒီမှာUsername ထည့် Password ထည့်ပြီးသွားရင်Linux ထဲရောက်သွားပြီး Installation ဆက်လုပ်သွားပါလိမ့်မယ်။ Checking the Installation ဆိုပြီးသူဟာသူ Install လုပ်နေပါလိမ့်မယ်။ အေးအေး ဆေးဆေးကော်ဖီလေးဘာလေးသောက်ပြီးစောင့်နေလိုက်ပါ။ 15 minutes လောက်တော့ကြာပါလိမ့်မယ်။ Windows XP နဲ့ Vista တောင် 45 minutes လောက်စောင့်ရသေးတာပဲ။ ဒီလောက်တော့အေးဆေးပေါ့။ အားလုံးပြီးသွားရင်တော့ထုံးစံအတိုင်း Restart လုပ် လိုက်ပါဦး။ ကဲ…အားလုံးပြီးသွားပါပြီ။ ကျန်တာတွေတာကတော့နောက်မှဆက်ပြောတာပေါ့။ Network Configuration ကလည်းလွယ်ပါ တယ်။ မရဘူးဆိုလဲနောက်မှဆက်ပြောတာပေါ့။ ပြောရင်းဆိုရင်း ဇော်ဦးကချက်နေပြီ။ 7:00pm လည်းထိုးတော့မယ်။ သမီးလည်းမျှော်နေ လောက်ပြီ။ နောက်မှလိုတာလေးတွေထပ်ပြောကြတာပေါ့။ နားဦးမည်။

ပြီးဆုံးချိန်။ ။ ညနေ ၆ နာရီ ၄၄ မိနစ်
နေ့ရက် ။ ။ ဂျူလိုင်လ ၈ ရက် အင်္ဂါနေ့
ရေးသားသူ : ကောင်းမြတ် အကြောင်းအရာ :